ကမ္ဘာသည် ဇာတ်လမ်းဖြစ်ပွားရာ နောက်ခံတည်နေရာဖြစ်သည်။ ကမ္ဘာ၏ နယ်မြေအများစုအား ကမ္ဘာ့အစိုးရမှ အုပ်ချုပ်ပါသည်။
ပထဝီဝင်နှင့် ဥတု
ကမ္ဘာ၏မျက်နှာပြင်အား ပင်လယ်ပြာမှ ကြီးစိုးထားပြီး ၎င်းကိုယေဘုယျအားဖြင့် အိစ်ဘလူး၊ ဝဲ့စ်ဘလူး၊ ဆောက်သ်ဘလူးနှင့် နော့သ်ဘလူးဟူ၍ အပိုင်းလေးပိုင်းခြားနားထားသည်။ ဤခြားနားမှုများသည် သဘာဝအတားအဆီးနှစ်ခုမှ ကမ္ဘာကို အကြမ်းဖျင်း အားဖြင့် ထောင့်မှန်ကျကျ ပိုင်းဖြတ်ထားရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
- ဂရန်းလိုင်းသည် အတော်ကျဉ်းမြောင်းသော သမုဒ္ဒရာမြောင်ဖြစ်ပြီး ၎င်း၏ ဓမ္မတာမမှန်ဘဲ ဥတုများမှာ တစ်ဟုန်ထိုးပြောင်းလဲ၍ နှင့် ကြောက်ခမန်းလိလိ သားရိုင်းတိရစ္ဆာန်များ တည်ရှိခြင်းအပြင် လေတိုက်ခတ်မှုနှင့် ရေစီးကြောင်းတို့ အလျှင်းကင်းမဲ့သည့် ခမ်းဘဲ့ဒ်အပိုင်းများမှ ပတ်ရံထားမှုတို့ကြောင့် အမည်ဆိုးဖြင့် ကျော်ကြားသည်။
- ရတ်ဒ်လိုင်းသည် ကြီးမား(ပြီးတော့ များသောအားဖြင့်ကျတ်တီးမြေဖြစ်)၍ ကမ္ဘာ၏တစ်ခုတည်းသော တိုက်ကြီးအဖြစ် အစစ်အမှန်သတ်မှတ်နိုင်သည့် ကုန်းမြေထုကြီးဖြစ်သည်။
ပင်လယ်ပြာ၏ အစိတ်အပိုင်းများအားလုံး-ဂရန်းလိုင်းနှင့် ကလမ်ဘတ်အပါအဝင်-မှာ အတိုင်းအတာကွဲပြားသောသက်ရှိများ မှီတင်းကြသည့် ကျွန်းများစွာတည်ရှိသည်။ ထိုကျွန်းများအကြား ခရီးသွားမှုတွင် ပင်လယ်ပြာလေးစင်းမှာ ရိုးရှင်းသော်လည်း ဂရန်းလိုင်းတွင်မှာကား (အထက်တွင်ဆိုခဲ့ပြီးဖြစ်သော ဘေးအန္တရာယ်များအပြင်) များစွာသောကျွန်းများသည် အတုမဲ့သံလိုက်စက်ကွင်းကို ထုတ်လွှတ်ရာ ပုံမှန်သံလိုက်အိမ်မြှောင်များကို အချည်းနှီးဖြစ်စေပြီး အထူးလော့ဂ်ပို့စ်အိမ်မြှောင်များအား လိုအပ်လာသည့်အတွက်ကြောင့် သိသိသာသာခက်ခဲရှုပ်ထွေးလာပါသည်။
(အလွန်အေးသည်ဟု အဆိုရှိသော တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝန်ရိုးစွန်းတို့ နှစ်ခုသည်လည်း တည်ရှိသည်ဟု ဖော်ပြဖူးပါသည်။ ဘယ်နေရာမှာ ၎င်းတို့တည်ရှိသလဲ သို့မဟုတ် ဂရန်းလိုင်းပြင်ပရှိ အိမ်မြှောင်များကို ထိန်းချုပ်သည့် တကယ့်သံလိုက်ဝင်ရိုးစွန်းတွေ ၎င်းတို့မှာ ပါရှိသလားဆိုတာတော့ မသိရှိရသေးပေ။)
ဂရန်းလိုင်း
ဂရန်းလိုင်းကို ကမ္ဘာအားလှည့်ပတ်နေသော ဧရာမပင်လယ်လမ်းကြောင်းကြီးဟု ဆိုလေ့ရှိကြပြီး ၎င်းသည် သာမန်သံလိုက်အိမ်မြှောင်များဖောက်ပြန်သွားသည့် ပင်လယ်ပြင်ဖြစ်ပေသည်။ ဤဒေသသည် ပင်လယ်ဓားပြတိုင်း၏ ခရီးပန်းတိုင်ဖြစ်ပြီး ဆန်းပြားသော စွန့်စားခန်းများဆီသို့ ဦးတည်နေသည့် လမ်းကြောင်းဖြစ်သည်။
ဂရန်းလိုင်းကို ရတ်ဒ်လိုင်းမှ နှစ်ပိုင်းပိုင်းခြားထားသည်။ ဂရန်းလိုင်း၏ပထမပိုင်းကို ဒုတိယပိုင်းမှနေထိုင်သူများက "ပါရာဒိုက်စ်"ဟုသိရှိကြပြီး ၎င်းသည် အလွန်မရေရာဘဲ အန္တရာယ်များလှသော်လည်း ဒုတိယပိုင်းနှင့် နှိုင်းယှဉ်ပါက မှေးမှိန်သွားပါသည်။ ပထမအပိုင်းထက် နောက်အပိုင်းသည် ပိုမိုခဲယဉ်းပြီး အန္တရာယ်များသည်ဟုဆိုကြကာ ၎င်းကိုကမ္ဘာသစ်ဟုခေါ်သည်။ ဧကရာဇ်လေးဦးမှ ကမ္ဘာသစ်ကို အလွတ်သဘောအုပ်ချုပ်ပါသည်။
ခမ်းဘဲ့ဒ်
ခမ်းဘဲ့ဒ်သည် ဂရန်းလိုင်း၏တစ်ဖက်တစ်ချက်တွင် ဝန်းရံလျက်ရှိသည့် ပင်လယ်အပိုင်းအခြားဖြစ်သည်။ လေတိုက်ခတ်မှုနှင့် ပင်လယ်ရေစီးကြောင်းတို့အား ထိုနေရာတွင်မတွေ့ရှိရသဖြင့် "ခမ်းဘဲ့ဒ်-တည်ငြိမ်ခါးပတ်"ဟု အမည်ရသည်။ ၎င်းအကျိုးဆက်နှင့်အတူ အထူးသဖြင့် ပင်လယ်ဘုရင်တို့ အသိုက်ဖွဲ့ရာလည်း ဖြစ်သောကြောင့် ၎င်းအားဖြတ်၍ ရွက်လွှင့်သွားလာခြင်းသည် အလွန်အမင်း ခဲယဉ်းလှပါသည်။
ရတ်ဒ်လိုင်း
ရတ်ဒ်လိုင်းသည် ကမ္ဘာတွင်တစ်ခုတည်းသော တိုက်ကြီးဖြစ်သည်။ ၎င်းသည် ကမ္ဘာတစ်ခုလုံးအား မြောက်မှတောင်သို့ ကန့်လန့်ဖြတ်လျက်ရှိသည်။ မြင့်မြတ်နယ်မြေ မာရီဂျို့သည် ရတ်ဒ်လိုင်းပေါ်တွင် တည်ရှိပါသည်။
ပင်လယ်ကြမ်းပြင်
ပင်လယ်ပြာသည် ပင်လယ်ကြမ်းပြင်တွင် အဆုံးသတ်သည်။ ဤနေရာတွင် ဂရန်းလိုင်း၏ ပင်လယ်ကြမ်းပြင်တွင် ပင်လယ်ပြာများမှ ခြားနားမှုသိပ်မရှိတော့ဘဲ (ရတ်ဒ်လိုင်းမှာ အများအားဖြင့် ဖြတ်သန်းသွားလာရန် မရသော်ငြားလည်း) ရေနေသက်ရှိများမှာ မရေတွက်နိုင်အောင် အမျိုးစုံအဖုံဖုံဖြင့် မီးတောင်များနှင့် အဏ္ဏဝါချောက်များတွင် ရှင်သန်ကြသည်။
ပင်လယ်ကြမ်းပြင်သည် အမျိုးမျိုးသော နက်ရှိုင်းမှုများတွင် တည်ရှိကာ ၎င်း၏ အနက်ဆုံးအပိုင်း (ထိုအနက်ဆုံးအပိုင်းတွင် ဖြစ်ချင်တော့ ကမ္ဘာကျော် ငါးလူသားကျွန်းတည်ရှိ) သည် ပင်လယ်မျက်နှာပြင်အောက် မီတာ ၁၀,၀၀၀ ကျော်တွင် တည်ရှိပါသည်။
ကောင်းကင်သမုဒ္ဒရာ
ကောင်းကင်သမုဒ္ဒရာကို ပင်လယ်ပြာမှလူအများ မသိရှိကြပေ။ ထိုအတွက် အကြောင်းပြချက်မှာတော့ ကောင်းကင်သမုဒ္ဒရာအား တိမ်တိုက်များဖြင့် ဖွဲ့စည်းထားသောကြောင့်ဖြစ်ပြီး ပင်လယ်ပြာမှဆိုပါက သမုဒ္ဒရာနှင့် မတူသောကြောင့်ဖြစ်ပေသည်။ သို့သော်လည်း ကောင်းကင်သမုဒ္ဒရာတိမ်များမှာ သာမန်တိမ်များတော့မဟုတ်ပါပေ။ ၎င်းတွင် ပင်လယ်တိမ်များနှင့် ကျွန်းတိမ်များဟူ၍ရှိသည်။ ပင်လယ်တိမ်များမှာ ရေကဲ့သိုပင်ဖြစ်ပြီး သင်္ဘောများသည် နစ်မြုပ်လောက်အောင်အထိ မလေးလံပါက ၎င်းပေါ်တွင် ရွက်လွှင့်သွာလာနိုင်ကာ ကျွန်းတိမ်မျာမှာတော့ ဘာမဆိုအား ထမ်းရွက်ထားနိုင်အောင် သိပ်သည်ပေသည်။
ကောင်းကင်သမုဒ္ဒရာသို့ ပင်လယ်ပြာမှ သွားရောက်နိုင်သော နည်းလမ်းအမျိုးမျိုးရှိပါသည်။
သမိုင်း
အတိတ်
ကမ္ဘာသည် ဘယ်လောက်ကြာကြာတည်ရှိခဲ့သလဲ ဆိုသည်နှင့် မည်ကဲ့သို့ ဖြစ်ပေါ်ခဲ့သနည်း ဆိုသည်ကိုမသိရှိရသေးပါ။ ဂရန်းလိုင်း၏ အတုမဲ့သည့်ဥတုများအရ ကျွန်းများ၏ယဉ်ကျေးမှုများသည် နှစ်သောင်းပေါင်းများစွာကြာအောင် မပြောင်းမလဲဘဲတည်ရှိနေခဲ့သည်ဟု အဆိုရှိသည်။
ကလိုဗာ၏အဆိုအရ အိုဟာရာ၏ အသိပညာသစ်ပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်က တည်ဆောက်ခဲ့ကြသည်။
မဟာဘုရင့်နိုင်ငံတော်သည် ၎င်းကို ဘုရင့်နိုင်ငံတော်နှစ်ဆယ်မှ မဖြိုခွင်းမီ လွန်ခဲ့သောနှစ်ပေါင်း ၈၀၀ ခန့်အထိ တည်ရှိခဲ့သည်။
အချိန်မခုန်ကျော်မီ
မန်းကီး ဒီ လူဖီသည် ပင်လယ်ဓားပြအဖြစ် အိစ်ဘလူးမှ စွန့်စားခရီးစတင်ထွက်ခဲ့လေသည်။
လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှု
ဂရန်းလိုင်းရှိ ကျွန်းများမှာ ကိုယ်ပိုင်ဥတုများနှင့် သဘာဝဖြစ်စဉ်များရှိကြပြီး ကျွန်းပေါ်တွင်နေထိုင်ကြသူများမှာ ၎င်းတို့နှင့်ကိုက်ညီအောင် ဝတ်ဆင်လေ့ရှိကြသည်။
ဘာသာစကား
ကမ္ဘာ၌ ဘုံဆိုင်ဖြစ်သောဘာသာစကား ရှိပုံပေါ်ပါသည်။
အစိုးရ
လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ က မဟာဘုရင့်နိုင်ငံတော်၏ ကျဆုံးမှုနှင့်အတူ ကမ္ဘာ့အစိုးရတည်ထောင်ရန်အတွက် ဘုရင့်နိုင်ငံတော် ၂၀ စုစည်းလိုက်ကြသည်။ ကမ္ဘာအနှံ့ရှိနိုင်ငံအများစုမှာ ကမ္ဘာ့အစိုးရအဖွဲ့ဝင်နိုင်ငံများဖြစ်သော်လည်း လုံးဝ ကိုယ်ပိုင်လွတ်လပ်သည့် ဝါနိုကဲ့သို့သောနိုင်ငံများလည်းရှိသည်။