One Piece Wiki

ဂရန်းလိုင်းသည် သမုဒ္ဒရာစီးကြောင်းကြီးတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ခုလုံးအား ဝိုင်းပတ်လျက် တည်ရှိသည်။ ၎င်းသည် အိစ်ဘလူးနှင့် နော့သ်ဘလူးတို့၏ တောင်ဘက်တွင်လည်းကောင်း၊ ဝဲ့စ်ဘလူးနှင့် ဆောက်သ်ဘလူးတို့၏ မြောက်ဘက်တွင်လည်းကောင်း တည်ရှိပြီး ဘလူးသမုဒ္ဒရာများအား ၎င်း၏တစ်ဖက်တစ်ချက်တွင် ခမ်းဘဲ့ဒ်ဖြင့် ခြားနားထားသည်။ ဂရန်းလိုင်းကို ရတ်ဒ်လိုင်းမှ နှစ်ပိုင်းခွဲထားပြီး ပထမပိုင်းကို ပါရာဒိုက်စ်ဟုခေါ်၍ ဒုတိယပိုင်းကို ကမ္ဘာသစ်ဟုခေါ်သည်။

၎င်းကို "ပင်လယ်ဓားပြသင်္ချိုင်း"ဟု အဆိုရှိပြီး ပင်လယ်ပြင်နှင့် ကျွန်းများသည် ကမ္ဘာပေါ်ရှိ အခြားနေရာများတွင်မတွေ့ရသည့် မခန့်မှန်းနိုင်သော အဖြစ်အပျက်အမြောက်အမြား ရှိနေခြင်းကြောင့် ရွက်လွှင့်ခြင်းအားလွန်စွာပင် ခဲယဉ်းစေပါသည်။ ထို့ပြင် ဂရန်းလိုင်းသည် အင်အားသုံးပါး အပါအဝင် ကမ္ဘာ၏အင်အားအကြီးမားဆုံးသော ပုဂ္ဂိုလ်များနှင့် အုပ်စုများ၏ နေအိမ်ဖြစ်သည်။ ရော်ဂျာ ပင်လယ်ဓားပြများအဖွဲ့တစ်စုတည်းကသာ ဂရန်းလိုင်းကို လုံးလုံးလျားလျားဖြတ်သန်း၍ ရွက်လွှင့်နိုင်ခဲ့ပေကာ ထိုအောင်မြင်မှုက ၎င်တို့၏ ကပ္ပတိန်ဖြစ်သည့် ဂိုးလ် ဒီ ရော်ဂျာအား ပင်လယ်ဓားပြ ဘုရင်အဖြစ် သမုတ်ခံရခြင်းကို ဖြစ်စေခဲ့ပါသည်။

ဂရန်းလိုင်းသည် ဇာတ်လမ်းတွဲ၏နောက်ခံအဖြစ် အဓိကအားဖြင့် ဆောင်ရွက်ပါသည်။

ခြုံငုံသုံးသပ်ချက်

ဂရန်းလိုင်းသည် ကမ္ဘာလုံးကို အနောက်မှ အရှေ့သို့ဆန့်ကား၍ လှည့်ပတ်နေသည့် ဧရာမပင်လယ်လမ်းကြောင်းကြီး တစ်ခုဖြစ်သည်။ ၎င်းသည် အနောက်မြောက်မှ အရှေ့တောင်သို့ ကမ္ဘာ့အလယ်ကို ကန့်လန့်ဖြတ်လျက်ရှိ၍ အရှေ့မြောက်မှ အနောက်တောင်သို့ ကမ္ဘာလုံးအားဝန်းဝိုင်းထားသော ဧရာမကွင်းကဲ့သို့ တိုက်ကြီးဖြစ်သည့် ရတ်ဒ်လိုင်းကို ထောင့်မှန်ကျစွာဖြင့်စီးဆင်နေသည့် စိတ်ကူးသက်သက်မျဉ်းကြောင်းတစ်ခုအပေါ်မူတည်ထားပါသည်။ ဂရန်းလိုင်း၏ အဓိကအရေးပါခြင်းကတော့ ၎င်းသည် ကမ္ဘာလုံးအားရေကြောင်းဖြင့်ပတ်ရန် တစ်ခုတည်းသောခရီးလမ်း ဖြစ်နေခြင်းဖြစ်လို့ပါ။

ဂရန်းလိုင်းနှင့် ရတ်ဒ်လိုင်းတို့ အချင်းချင်းကန့်လန့်ဖြတ်ခြင်းသည် ကျန်ရှိသည့်ပင်လယ်ပြာအား သမုဒ္ဒရာလေးစင်း- အိစ်ဘလူးဝဲ့စ်ဘလူးဆောက်သ်ဘလူးနှင့် နော့သ်ဘလူးတို့အဖြစ် စိတ်ပိုင်းလိုက်ပေသည်။ ဂရန်းလိုင်းနှင့် ရတ်ဒ်လိုင်းတို့သည် သမုဒ္ဒရာလေးစင်းကြားလမ်းကြောင်းတစ်လျှောက်တွင် တည်ရှိသောကြောင့် ကမ္ဘာအနှံ့ကုန်သွယ်မှုနှင့် ခရီးသွားလာရေးအတွက်သော့ချက်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ပင်လယ်ဓားပြများနှင့် အရပ်သားများအတွက် အရေးပါသော ခရီးသွားလာမှုလမ်းကြောင်းနှင့် ခလုတ်ကန်သင်းဖြစ်စေပေသည်။

ဒီသမုဒ္ဒရာတစ်ကျောကို အင်အားသုံးပါးတို့ရှိနေခြင်းကြောင့် ကမ္ဘာပေါ်တွင် အန္တရာယ်ရှိဆုံးအရပ်ဟု ခေါ်တွင်ကြပြီး အများအားဖြင့် "ပင်လယ်ဓားပြသင်္ချိုင်း"ဟု ဘလူးလေးစင်း(သမုဒ္ဒရာလေးစင်း၊ ပင်လယ်ပြာလေးစင်း)မှလူများက ရည်ညွှန်းကြပါသည်။ ဂရန်းလိုင်းသည် အန္တရာယ်များပြီး ပရမ်းပတာဖြစ်တတ်သည့် ဂုဏ်သတင်းရှိလင့်ကစား သာမန်ပြည်သူအများမှာ တစ်သီးတစ်ခြားကျွန်းများတွင် ဘာပဲဖြစ်ဖြစ် ရပ်တည်ရှင်သန်လျက်ရှိပြီး ၎င်းတို့၏ ရှင်သန်ရာနယ်မြေအား နေသားတကျဖြစ်နေကြပြီဖြစ်သည်။ ဒါက အကယ်စင်စစ်အားဖြင့် ပင်လယ်လမ်းကြောင်းအတွင်း၌ ခရီးသွားလာခြင်းသက်သက်ကသာ စိတ်မချရဟု ညွှန်းဆိုနေခြင်းဖြစ်ပြီး မခန့်မှန်းနိုင်သော မိုးလေဝသများနှင့် အန္တရာယ်ရှိသော တောရိုင်းသတ္တဝါများအား ရင်ဆိုင်ရနိုင်မှုမှာ သေချာသလောက် ဖြစ်သည့်အတွက် ဖြစ်ပါသည်။

ထက်ဝက်ပိုင်းများ

ဂရန်းလိုင်းကို ရတ်ဒ်လိုင်းမှ ထက်ဝက်ပိုင်းနှစ်ခုအဖြစ် စိတ်ပိုင်းလိုက်သည်။ ပထမထက်ဝက်ပိုင်းသည် ရီဗာ့စ် မောင်တိန်မှ ရတ်ဒ်လိုင်း၏ ဖီလာဆန့်ကျင်ဘက်အမှတ်အထိ ဆန့်ကားလျက်ရှိပြီး ပါရာဒိုက်စ်ဟုသိရှိကြသည်။ ဒုတိယထက်ဝက်ပိုင်းမှာ ရတ်ဒ်လိုင်း၏ ဒုတိယအမှတ်အလွန်မှစပြီး ရီဗာ့စ်မောင်တိန်၏ နောက်ဘက်အထိကို ကမ္ဘာသစ်ဟုသိရှိကြပါသည်။

ပါရာဒိုက်စ်

ဂရန်းလိုင်း၏ပထမအပိုင်းကို ပါရာဒိုက်စ်ဟူ၍ သိကြသည်။ ယင်း၏အမည်သည် ဒုတိယအပိုင်းမှပြန်ရောက်လာသောသူများက ပထမအပိုင်းသည် ၎င်းနှင့်နှိုင်းယှဉ်ပါက ပါရာဒိုက်စ် (သုခဘုံ) ပဲဆိုရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကမ္ဘာသစ်

ဂရန်းလိုင်း၏ဒုတိယအပိုင်းကို ကမ္ဘာသစ်ဟူ၍ သိကြသည်။ ယင်း၏အမည်သည် ပထမပိုင်းနှင့်နှိုင်းယှဉ်ပါက စွန့်စားခန်းတို့၏ ကမ္ဘာသစ်ကြီးတစ်ခု ဖြစ်သဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဥတု

မိုးလေဝသပညာ၏ သမားရိုးကျစည်းမျဉ်းများ အကျိုးသက်ရောက်မှုမရှိသည့်အတွက် ဂရန်းလိုင်းတွင် မိုးလေဝသမှာ သမားရိုးကျမဟုတ်ပါဟု ယုတ်စွအဆုံးဆိုနိုင်ပါသည်။ သမုဒ္ဒရာစီးကြောင်းများနှင့် မိုးလေဝသအနေအထားများမှာ အလွန်အမင်းမတည်ငြိမ်ဘဲ တစ်သမတ်တည်းမဟုတ်သည့်အတွက် ချက်ချင် ပြင်းပြင်းထန်ထန် ပြောင်းလဲနိုင်ပါသည်။

ရေကြောင်းသွားလာမှု

ကျွန်းအသီးသီးမှာ ကိုယ်ပိုင်သံလိုက်စက်ကွင်းများထုတ်လုပ်သည့်အတွက် ပုံမှန်အိမ်မြှောင်များ ဂရန်းလိုင်းတွင်အလုပ်လုပ်မည် မဟုတ်ပေ။ ဂရန်းလိုင်းတွင် ရေကြောင်သွားလာမှုပြုရန် အထူးအိမ်မြှောင်များဖြစ်သည့် လော့ဂ်ပို့စ်များကို လိုအပ်လာပါသည်။