"ခြေထောက်နက်"ဆန်ဂျိဟု သိရှိကြသည့် ဗင်စမုခ် ဆန်ဂျိသည် ကောက်ရိုးဦးထုပ် ပင်လယ်ဓားပြများ၏ ထမင်းချက်ဖြစ်သည်။ သူသည် ပဉ္စမမြောက်အဖွဲ့ဝင်ဖြစ်ကာ ဘရာတီအဲ အဝန်းအဆုံးတွင် စတုတ္ထမြောက်ပူးပေါင်းသူအဖြစ် ဝင်ရောက်လာသူဖြစ်သည်။
ကလေးဘဝက ဗင်စမုခ် အိမ်ထောင်စု မှ ထွက်ပြေးပြီးနောက် ဘရာတီအဲတွင် ဇဲဖ်လက်အောက်၌ လက်ထောက်စားဖိုမှူးချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။
ပုံပန်းသွင်ပြင်
ဆန်ဂျိသည် ကျစ်လျစ်တောင့်တင်း၍ ခြေထောက်ရှည်ပြီး ရွှေဝါရောင်ဆံပင်ရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။
ပင်ကိုစရိုက်
ဆန်ဂျိသည် တွေ့သမျှ ရှုချင်စဖွယ် မိန်းမရွယ်တိုင်းအား နန့်ခြင်းဖြင့် အမြဲတစေ အလွန်တရာမှ နှာဘူးထပါသည်။