One Piece Wiki



"ကြောင်သူခိုးမ"နာမိသည် ကောက်ရိုးဦးထုပ် ပင်လယ်ဓားပြများရေကြောင်းလမ်းပြဖြစ်သည်။ ၎င်းသည် တတိယမြောက်အဖွဲ့ဝင်ဖြစ်ပြီး ဒုတိယမြောက်ပူးပေါင်းသူဖြစ်သည်။ သူမနှင့် နိုဂျီကိုသည် မိဘမဲ့ဖြစ်သွားပြီးနောက် ၎င်းတို့ကို ဘယ်လမယ်ရ်က ခေါ်ယူမွေးစားခဲ့ကာ မွေးစားညီအစ်မဖြစ်လာကြသည်။

သူမသည် ယခင်က အားလောင် ပင်လယ်ဓားပြများအဖွဲ့ဝင် ဖြစ်ခဲ့ပြီး အားလောင်ထံမှ သူမ၏ရွာကို ပြန်ဝယ်ရန် ကောက်ရိုးဦးထုပ် ပင်လယ်ဓားပြများထံမှ ကနဦး၌ လုယက်ရန်အလို့ငှာ ပူးပေါင်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ အားလောင်အား သူတို့ တော်လှန်အနိုင်ယူပြီးသောအခါ သူမသည် ကောက်ရိုးဦးထုပ်တို့ကို အမှန်တကယ် ပူးပေါင်းခဲ့သည်။ သူမ၏အိပ်မက်သည် ကမ္ဘာတစ်ခုလုံးမြေပုံကို ဆွဲရန်ဖြစ်သည်။

ပုံပန်းသွင်ပြင်

နာမိသည် ပုံမှန်အရပ်ဖြင့် လိမ္မော်ရောင်ဆံပင်နှင့် မျက်လုံးညိုများရှိသည့် သေးသွယ်သော အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။

ပင်ကိုစရိုက်

နာမိသည် လောဘကြီးပြီး ပိုက်ဆံနှင့် ရွှေငွေရတနာများအတွက် ဘာမဆိုပြုလုပ်မည်ဖြစ်၍ ၎င်းတို့ကိုရရှိရန် မည်သည့် စိန်ခေါ်ခြင်းမျိုးမဆို ကြိုဆိုနေပါသည်။

တတ်ကျွမ်းမှုနှင့် စွမ်းရည်

နာမိသည် ကောက်ရိုးဦးထုပ် ပင်လယ်ဓားပြများ၏ ရေကြောင်းလမ်းပြဖြစ်သဖြင့် ပင်လယ်ထဲသို့ ရွက်လွှင့်သွားလာရာတွင် သင်္ဘောသွားမည့် လမ်းကြောင်းကို သုံးသပ်ရာ၌ အားထားရပါသည်။