One Piece Wiki
Advertisement



မန်းကီး ဒီ လူဖီကို "ကောက်ရိုးဦးထုပ် လူဖီ"ဟူ၍လည်း သိရှိကြပြီး အများအားဖြင့် သိကြသည်မှာ "ကောက်ရိုးဦးထုပ်"ဖြစ်ပြီး ဝမ်းပိစ်မန်ဂါ နှင့် အန်နီမဲတို့၏ အဓိကဇာတ်လိုက် ဖြစ်ပါသည်။ သူသည် အချိန်နှင့်အမျှ အမည်ကျော်ကြားလာကာ အစွမ်းထက်သည့် ကောက်ရိုးဦးထုပ် ပင်လယ်ဓားပြများ၏ တည်ထောင်သူနှင့် ကပ္ပတိန်ဖြစ်ကာ ထိပ်တန်းတိုက်ခိုက်ရေးသမား တစ်ဦးလည်းဖြစ်ပါသည်။ သူ၏ဘဝအိမ်မက်မှာ ကွယ်လွန်ခဲ့ပြီဖြစ်သည့် ဂိုးလ် ဒီ ရော်ဂျာမှချန်ထားခဲ့သော အကျော်ဇေယျရတနာပစ္စည်းကို ရှာဖွေကာ ပင်လယ်ဓားပြဘုရင်ဖြစ်ရန် ဖြစ်ပေသည်။ သူသည် ပင်လယ်ဓားပြဘုရင် ဖြစ်ခြင်းက ကမ္ဘာတွင် လွတ်လပ်မှုအရဆုံးဖြစ်ခြင်း ဖြစ်သည်ဟု ယုံကြည်ပါသည်။

လူဖီကို ဖူးရှာရွာတွင်မွေးဖွားပြီး အသက် ၇ နှစ်အရွယ်၌ နတ်ဆိုးသစ်သီးတစ်လုံးကို အမှတ်တမဲ့စားခဲ့မိရာမှ ၎င်း၏ခန္ဓာကိုယ်သည် ရော်ဘာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် "ဆံပင်နီ" ရှန့်ခ်စ်ဆိုသူနှင့် တွေ့ဆုံခဲ့ပြီး လူဖီ၏ ပင်ကိုအမှတ်တံဆိပ်ပစ္စည်း ဖြစ်လာမည့် ကောက်ရိုးဦးထုပ်ကို တစ်နေ့နေ့တွင် ၎င်းတို့နောက်တစ်ကြိမ် တွေ့ဆုံကြမည့် ကတိ၏ အစိတ်အပိုင်းအနေဖြင့် ၎င်းက ကောင်ကလေးအား လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပေသည်။ လူဖီသည် တော်လှန်ရေးခေါင်းဆောင် မန်းကီး ဒီ ဒရာဂွန်၏ သား၊ ရေတပ်သူရဲကောင်း မန်းကီး ဒီ ဂါ့ပ်၏ မြေး၊ ကွယ်လွန်ခဲ့ပြီဖြစ်သော "မီးလက်သီး" ပေါ့တဂတ်စ် ဒီ အေ့စ်နှင့် တော်လှန်ရေး စစ်ဦးစီးအရာရှိချုပ် စာဘိုတို့၏ သွေးသောက်ညီအစ်ကို၊ ကာရီ ဒဒန်၏ မွေးစားသား ဖြစ်ပေသည်။ သူသည် ကမ္ဘာပေါ်ရှိ ဒီ ၏ဆန္ဒကိုသယ်ဆောင်သည့် လူနည်းစုထဲမှ တစ်ဦးဖြစ်ပေသည်။

လူဖီသည် သူ့အနီးတစ်ဝိုက်ရှိ ကမ္ဘာ့ကျော်အင်အားစုများစွာကို ရင်ဆိုင်ဖူးကာ အိစ်ဘလူး မှ အစွမ်းထက်ဆုံး ပင်လယ်ဓားပြများအား တိုက်ခိုက်ခြင်းဖြင့် အစပြု၍ ရေတပ်ပင်လယ်ပြင် စစ်နယ်ရှင်ခုနှစ်ဦးဆိုက်ဖာပိုလ်ကမ္ဘာ့မဟာမျိုးများနှင့် ဂရန်းလိုင်း မှ ဧကရာဇ်လေးဦး တို့ကိုတောင် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ပွဲ အများစုတွင် အောင်မြင်ခဲ့ပါသည်။ သူသည် အဲနိုက်စ်လောဘီအား ကျူးကျော်ဝင်ရောက်ပြီး သွယ်ဝိုက်၍ ပျက်သုဉ်းစေခဲ့မှု၊ မထိုးဖောက်နိုင်သော အင်ပဲရ် ဒေါင်းမှ လွတ်မြောက်ခဲ့မှု၊ မရိန်းဖို့ဒ် ထိပ်သီးစစ်ပွဲတွင် အချက်အချာကျသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါသည်။ သူသည် ယခင် သို့မဟုတ် ယခု သိရှိရသမျှ စစ်နယ်ရှင် တစ်ဆယ့်တစ်ဦးထဲမှ ခုနှစ်ဦးတို့အား ထိုအဖွဲ့အစည်း မပြိုကွဲမီက ချေမှုန်းခဲ့ခြင်း နှင့် မဟာမိတ်ဖွဲ့ခြင်းပြုခဲ့ဖူးကာ ဧကရာဇ်နှစ်ဦး၏ နယ်ပယ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပါသည်။ လူဖီ၏ အောင်မြင်မှုများနှင့် အမွေအနှစ်သည် "အန္တရာယ်ရှိသော အနာဂတ်အရာ" အဖြစ်ဖြင့် သူ့အား အမှတ်တံဆိပ်တပ်ခံရသွားစေပြီး "မဆင်မခြင်မှု" နှင့် တစ်ခါတစ်ရံ "အလွန်မိုက်မဲမှု"များဖြင့် ထင်ပေါ်၍ ရေတပ်ဗိုလ်ချုပ်မှူးကြီးဆာကာ့ဇူကီ၊ ရေတပ်ဌာနချုပ်နှင့် အထူးသဖြင့် ကမ္ဘာ့အစိုးရတို့အား အမျက်ဒေါသထွက်စေခဲ့ပေသည်။

လူဖီတွင် နောက်လိုက်များအား ဆွဲငင်တတ်သည့် အထုံဝသီလည်းရှိပြီး သူအလိုရှိသည့် ဘယ်အချိန်မဆို အထောက်အကူပြုရန် လာကြမည်ဟု တိုင်တည်ထားသည့် ပင်လယ်ဓားပြအုပ်စု ခုနှစ်စု ပါဝင်သည့် ကောက်ရိုးဦးထုပ် မဟာရေယာဉ်စုခေါင်းဆောင်အဖြစ် ဆန္ဒမရှိဘဲ တင်မြောက်ခံလိုက်ရပါသည်။ ထို့အပြင် ဘစ်ဂ်မွမ်း ပင်လယ်ဓားပြများအား ၎င်း၏ တိုက်ခိုက်အောင်နိုင်မှုကြောင့် စာနယ်ဇင်းမှ သူ့အား "ပဉ္စမမြောက် ပင်လယ်ပြင်ဧကရာဇ်" အဖြစ် အမှတ်တံဆိပ်တပ်ခြင်းကို ခံရသော်လည်း ထင်ရှားသော ပုဂ္ဂိုလ်များစွာမှ ဒါကို ချဲ့ကားထားသည်ဟု ယူဆကြပါသည်။ သို့သော်ငြားလည် လူဖီက ကိုင်ဒိုအား အနိုင်ယူပြီးချိန်တွင် ကမ္ဘာ့အစိုးရက ကိုင်ဒိုနှင့် ဘစ်ဂ်မွမ်းအစား ၎င်းနှင့် ဘတ်ဂီတို့အား ဧကရာဇ်လေးဦး အဖြစ်တရားဝင် ကြေညာလိုက်ပါသည်။

ဆာဘုံဒီကျွန်းစုသို့ သူမရောက်ရှိမီအထိ ဆုကြေး ၃၀၀ ၀၀၀ ၀၀၀ ရှိခဲ့ပြီး လူဖီသည် ထိပ်သီးစစ်ပွဲ မတိုင်မှီခဏတွင် ရတ်ဒ်လိုင်းသို့ ဆုကြေး ၁၀၀ ၀၀၀ ၀၀၀ ကျော်ဖြင့် တစ်ပြိုင်နက် ရောက်ရှိခဲ့သော ပင်လယ်ဓားပြများဖြစ်သည့် "စူပါရော့ကီး" တစ်ဆယ့်တစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

ပုံပန်းသွင်ပြင်

လူဖီတွင် အနက်ရောင်ဆံပင်စုတ်ဖွား၊ မျက်လုံးဝိုင်းဝိုင်း မျက်ဆံနက်နှင့် ကျစ်လျစ်သန်မာသည့် ကိုယ်လုံးကိုယ်ထည်ရှိပေသည်။ သူသည် ၎င်း၏ မူပိုင်လက္ခဏာဖြစ်သည့် ကောက်ရိုးဦးထုပ် ဖြင့်ကျော်ကြားပြီး ယင်းကို သူငယ်စဉ်က အထင်ကရ ပင်လယ်ဓားပြကပ္ပတိန် "ဆံပင်နီ" ရှန့်ခ်စ်မှ ပေးခဲ့ပြီး ၎င်းသည် ဒါကို ဂိုးလ် ဒီ ရော်ဂျာထံမှ တစ်ဖန် ရရှိခဲ့ခြင်း ဖြစ်ပေသည်။ သူသည် အနားခေါက် အပြာရောင်ဘောင်းဘီတို၊ ကြိုးသိုင်းဖိနပ်၊ အနီရောင် စွပ်ကျယ်အင်္ကျီတို့ကို ဝတ်ဆင်လေ့ရှိသည်။ လူဖီတွင် သူ၏ ဘယ်ဘက်မျက်လုံးအောက်၌ ချုပ်ရိုးရာနှစ်ကြောင်းဖြင့် အမာရွတ်ရှိပြီး ယင်းသည် ရှန့်ခ်စ်အား သူသည် အကြမ်းခံနိုင်ပြီး နာကျင်ခြင်းကို မကြောက်သည်ကို ပြရန်အတွက် ၎င်း၏မျက်လုံးအောက်တွင် ဓားမြှောင်းဖြင့် ထိုးခြင်းဖြင့် ရရှိခဲ့ခြင်းဖြစ်ပေသည်။

ပင်ကိုစရိုက်

လူဖီ၏ ထင်ရှားသောဉာဉ်ကတော့ သာမန်အသိတရား ကင်းမဲ့မှု၊ အကြောက်တရား မရှိမှုနှင့် မမှိတ်မသုန် မိမိကိုယ်ကို ယုံကြည်မှုတို့ပင်ဖြစ်သည်။

Advertisement