One Piece Wiki



ရိုရိုနိုအာ ဇိုရိုကို "ပင်လယ်ဓားပြမုဆိုး"ဟူ၍လည်း သိရှိကြပြီး ကောက်ရိုးဦးထုပ် ပင်လယ်ဓားပြများတိုက်ခိုက်ရေးသမားဖြစ်ပြီး ၎င်းတို့၏ ဓားသမားနှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။ ၎င်းသည်ယခင်က ဆုကြေးမုဆိုးတစ်ဦးဖြစ်ကာ ဒုတိယမြောက်အဖွဲ့ဝင်ဖြစ်ပြီး ပထမဦးဆုံးပူးပေါင်းသူဖြစ်သည်။

ဇိုရိုသည် သူကလေးဘဝက ရှီမိုဆွတ်ကိရွာတွင် လေ့ကျင့်ခဲ့သည့်အတောအတွင်း ဖန်တီးခဲ့သည့် ဓားသိုင်းဟန် ဆန်တိုရု၏ ဆရာတစ်ဆူဖြစ်ပြီး ၎င်း၏အိမ်မက်သည် ကမ္ဘာ့အထူးချွန်ဆုံးဓားသမားတစ်ဦးဖြစ်ရမည်ဟု သူ၏ကွယ်လွန်သွားသော ကလေးဘဝသူငယ်ချင်းကို ပေးခဲ့သည်ကတိအား စောင့်ထိန်ရန်ဖြစ်သည်။

သူ၏ ကောက်ရိုးဦးထုပ် ပင်လယ်ဓားပြများ အဖွဲ့ဝင်အဖြစ်နှင့် ယခင်ဆုကြေးမုဆိုးအဖြစ် ကျော်ကြားမှုအပြင် "အဆိုးဆုံးမျိုးဆက်"ဟု အဆိုရှိသည့် ပင်လယ်ဓားပြဆယ့်နှစ်ဦးထဲမှ တစ်ဦးအဖြစ်လည်း မှတ်ယူထားကြပါသည်။

ပုံပန်းသွင်ပြင်

ဇိုရိုသည် အသားညိုဖျော့ဖျော့အရောင်ရှိ၍ ပုံမှန်အရပ်ဖြင့် သန်မာသော လူတစ်ယောက်ဖြစ်သည်။ သူသည် သူ၏ ဓားသုံးလက်အား သူနှင့်အတူတကွ အမြဲတမ်းကိုင်ဆောင်သွားလေ့ရှိသည်။

ဇိုရို၏ခန္ဓာကိုယ်ကို မြောက်မြားစွာသော တိုက်ပွဲများမှရရှိသော အမာရွတ်များက ဖုံးလွှမ်းထားသည်။

ဇိုရို၏ အခြားသော ထူးခြားသည့်အင်္ဂါရပ်ကတော့ သူ၏ အစိမ်းရောင်ဆံပင်တိုပဲ ဖြစ်ပါသည်။

ပင်ကိုစရိုက်

ဇိုရိုသည် ခက်ထန်တည်ကြည်၍ ခပ်တန်းတန်း ကိုယ်ရည်ကိုယ်သွေးရှိသော်လည်း ပေါတောတောဖြင့် စိတ်တိုလေ့ရှိတတ်သည်။